ဘာကြောင့် 𝐂𝐎𝐄 𝐑𝐞𝐣𝐞𝐜𝐭 ထိရတာလဲ?/ ဘာတွေဆောင် ရှောင်ရမလဲ ?

မြန်မာကျောင်းသားတွေအတွက် ဂျပန်မှာကျောင်းတက်ခွင့်ရဖို့ အခက်ခဲဆုံးနဲ့ စိန်ခေါ်မှုအများဆုံးကတော့ COE လျှောက်ရတာပဲဖြစ်ပါတယ်။ ကျောင်းသားအများစုက Financial Statement တင်ပြတဲ့ကိစ္စမှာ Reject ထိတာအများဆုံးဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီနေ့မှာ ကျောင်းသားဗီဇာအတွက် COE Reject ဖြစ်စေတဲ့အချက်တချို့ကို ပြောပြချင်ပါတယ်။ ထောက်ပံ့ပေးမယ့်သူရဲ့ ဘဏ်လက်ကျန်နဲ့ Show Money ပြသမှု (Financial Statement) ————— ကျောင်းသားအတွက် ငွေကြေးထောက်ပံ့ပေးမယ့်သူက မိသားစုဝင်ဖြစ်ရပါမယ်။ (သို့မဟုတ်) ခိုင်မာသေချာတဲ့ ဆွေမျိုးတစ်ဦးဦးဖြစ်ရပါမယ်။ ကျောင်းသား ကျောင်းပြီးတဲ့အထိ ငွေကြေးထောက်ပံ့နိုင်ကြောင်း ငွေကြေးခိုင်မာမှုပြသရပါမယ်။ တင်ပြမယ့် Bank Account က နှစ်ချီကြာသုံးနေတဲ့ Bank Account ဖြစ်ဖို့လိုပါတယ်။ ထောက်ပံ့မယ့်သူရဲ့အလုပ်အကိုင်၊ လုပ်ငန်းလိုင်စင် မှန်ကန်တိကျနေဖို့လိုပါတယ်။ ထောက်ပံ့မယ့်သူရဲ့နှစ်စဥ်ဝင်ငွေက ကျောင်းလခတွေထက် ပိုများကြောင်းပြသရပါမယ်။ ငွေကြေးထောက်ပံ့မယ့်သူရဲ့ နှစ်စဥ်ဝင်ငွေခွန်စာရွက်စာတမ်းတွေက တိကျမှန်ကန်နေဖို့လိုပါမယ်။ […]