Japan COE Result 100% Pass for 2023 January Intake

2023/January Intake ဂျပန်စာကျောင်းလျှောက်ရာမှာ တစ်ဦးတည်းသာလက်ခံခဲ့တဲ့ကျောင်းသားရဲ့ COE Result အောင်မြင်သွားတဲ့အတွက် ကျောင်းသား၊ မိဘအုပ်ထိန်းသူများနဲ့အတူ ထပ်တူဝမ်းသာရပါတယ်။ COE လျှောက်ထားဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကျောင်းသားတွေကိုယ်တိုင်ရော၊ မိဘအုပ်ထိန်းသူတွေပါ အားတက်သရောပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့အတွက်လည်း အခုလို မျှော်လင့်ထားတဲ့ရလဒ်ရရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် April Intake/2023 အတွက် ကျောင်းလျှောက်လွှာများနဲ့အတူ COE လျှောက်လွှာတွေကိုလည်းတင်ထားပြီးပြီဖြစ်ပါတယ်။ အကောင်းဆုံးပြင်ဆင်မှုတွေကြောင့် စိတ်ကူးထားတဲ့ရလဒ်ရရှိမယ်လို့ မျှော်လင့်ပါတယ်။

2023 July/October Intake Japanese Language School များကို လျှောက်ထားနိုင်ပါပြီ

2023 July Intake – 1.9 Months 2023 October Intake – 1.6 Months School Name – 3H Japanese Language School Location – Chiba City (Near Tokyo) ကျောင်းလျှောက်ထားရန် လိုအပ်ချက်များ ———- အသက် (၃၀) နှစ်အောက်ဖြစ်ရမည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည် ဂျပန်စာ JLPT N5 /Nat-Test N5 အောင်လက်မှတ်/ ဂျပန်စာ နာရီ (၁၅၀) နှင့်အထက် သင်ကြားပြီးသူ ထောက်ပံ့ပေးမည့် မိဘအုပ်ထိန်းသူတစ်ဦးဦးရှိရမည် မိမိတို့ဘက်က ဘယ်လိုဝန်ဆောင်မှုတွေပေးမှာလဲ ? ————– ကျောင်းသားများနှင့် အကိုက်ညီဆုံး Future Study Plan များရေးဆွဲပေးခြင်း […]

Charmya Study is in partnership with 3H Japanese Language School in Japan

Charmya Study ဟာ မြန်မာပြည်တွင်းကလူငယ်တွေ ဂျပန်မှာကျောင်းတက်ရာမှာ အစစအရာရာအဆင်ပြေစေရန်ရည်ရွယ်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့နီးတဲ့ချိဘမြို့က 3H Japanese Language School နဲ့ တရားဝင်လက်တွဲခဲ့ပါတယ်။ နယ်ဘက်ကျောင်းမှာမတက်ချင်တဲ့ကျောင်းသားတွေ၊ တိုကျိုမြို့ကြီးနဲ့အနီးတဝိုက်မှာ ကျောင်းစရိတ်သက်သက်သာသာနဲ့ ဂျပန်စာလေ့လာချင်တဲ့ကျောင်းသားများ ရွေးချယ်သင့်တဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

“Japanese Culture and Etiquette” Preparation Course (၃) ရက်တာ Training အောင်မြင်စွာဖြင့် ပြီးဆုံး

2023 April Intake နဲ့ ဂျပန်သွားမယ့်ကျောင်းသားတွေအတွက် “𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐮𝐥𝐭𝐮𝐫𝐞 𝐚𝐧𝐝 𝐄𝐭𝐢𝐪𝐮𝐞𝐭𝐭𝐞 “ (၃) ရက်တာ Training အောင်မြင်စွာနဲ့ ပြီးသွားပါပြီ။ ဒီသင်တန်းမှာ ကျောင်းသားတွေဂျပန်ရောက်ပြီးနောက်ပိုင်း ပညာရေးမှာရော၊ နေရေးထိုင်ရေးနဲ့ ကျန်းမာရေးကဲ့သို့အရေးကြီးကိစ္စတွေမှာပါ လွယ်ကူအဆင်ပြေနိုင်စေရန် ဂျပန်နိုင်ငံလူနေမှုပုံစံများ၊ ဆောင်ရန်ရှောင်ရန်စည်းကမ်းများနဲ့ ဂျပန်နိုင်ငံရဲ့ အခြေခံစည်းမျဥ်းဥပဒေများကို အတွေ့အကြုံရှိကျွမ်းကျင် ဆရာများကိုယ်တိုင် “အခမဲ့” သင်ကြားမျှဝေခဲ့ပါတယ်။