မြန်မာကျောင်းသားတွေအတွက် ဂျပန်မှာကျောင်းတက်ခွင့်ရဖို့ အခက်ခဲဆုံးနဲ့ စိန်ခေါ်မှုအများဆုံးကတော့ COE လျှောက်ရတာပဲဖြစ်ပါတယ်။ ကျောင်းသားအများစုက Financial Statement တင်ပြတဲ့ကိစ္စမှာ Reject ထိတာအများဆုံးဖြစ်ပါတယ် ။
ဒါ့ကြောင့် ဒီနေ့မှာ ကျောင်းသားဗီဇာအတွက် COE Reject ဖြစ်စေတဲ့အချက်တချို့ကို ပြောပြချင်ပါတယ်။
ထောက်ပံ့ပေးမယ့်သူရဲ့ ဘဏ်လက်ကျန်နဲ့ Show Money ပြသမှု (Financial Statement)
—————
ကျောင်းသားအတွက် ငွေကြေးထောက်ပံ့ပေးမယ့်သူက မိသားစုဝင်ဖြစ်ရပါမယ်။ (သို့မဟုတ်) ခိုင်မာသေချာတဲ့ ဆွေမျိုးတစ်ဦးဦးဖြစ်ရပါမယ်။
ကျောင်းသား ကျောင်းပြီးတဲ့အထိ ငွေကြေးထောက်ပံ့နိုင်ကြောင်း ငွေကြေးခိုင်မာမှုပြသရပါမယ်။
တင်ပြမယ့် Bank Account က နှစ်ချီကြာသုံးနေတဲ့ Bank Account ဖြစ်ဖို့လိုပါတယ်။
ထောက်ပံ့မယ့်သူရဲ့အလုပ်အကိုင်၊ လုပ်ငန်းလိုင်စင် မှန်ကန်တိကျနေဖို့လိုပါတယ်။
ထောက်ပံ့မယ့်သူရဲ့နှစ်စဥ်ဝင်ငွေက ကျောင်းလခတွေထက် ပိုများကြောင်းပြသရပါမယ်။
ငွေကြေးထောက်ပံ့မယ့်သူရဲ့ နှစ်စဥ်ဝင်ငွေခွန်စာရွက်စာတမ်းတွေက တိကျမှန်ကန်နေဖို့လိုပါမယ်။
(Charmya Study Co.,Ltd ကနေ Financial Statement တင်ပြရာမှာ မှန်ကန်သေချာတဲ့ အချက်အလက် များနဲ့ ထပ်ဆင့်ထောက်ပံ့ကူညီပြီး အထူးဝန်ဆောင်မှုပေးနေပါတယ်)
စာရွက်စာတမ်းအချက်အလက်များမပြည့်စုံခြင်း
——————–
မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ နိုတြီဘာသာပြန်စာရွက်စာတမ်းများ၊ ပညာရေးမှတ်တမ်း၊ Passport အချက်အလက်များ၊ ပြည်ပထွက်ခဲ့ဖူးတဲ့နေ့စွဲများ စတဲ့အချက်အလက်တွေကို သေချာပြန်စစ်ပါ။ မှန်ကန်အောင်ဖြည့်ပေးဖို့လိုပါတယ်။
ဂျပန်မှာ ကျောင်းတက်ချင်တဲ့အကြောင်းအရင်း
—————
ကျောင်းတက်ချင်တဲ့အကြောင်းအရင်းကို သေချာရေးပေးဖို့လိုပါတယ်။ အလုပ်လုပ်ရန် ပိုက်ဆံရှာရန်ဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်စေမယ့် အကြောင်အရာများကိုရှောင်ရှားသင့်ပါတယ်။ ရေးသင့်တဲ့အချက်တွေက ဂျပန်မှာ ကျောင်းပြီးအောင်တက်ရန်၊ ကောလိပ်တက္ကသိုလ်ဆက်တက်ရန်၊ ကျောင်းပြီးရင် ဂျပန်ကုမ္ပဏီမှာလုပ်ရန်၊ မြန်မာပြည်ပြန်လာပြီး ပိုတိုးတက်အောင်လုပ်ရန် စတဲ့အချက်တွေကို ရေးသားဖို့လိုပါမယ်။
ခိုင်မာသေချာမှုမရှိတဲ့စာရွက်စာတမ်းများ
————
စာရွက်စာတမ်းအတုတွေနဲ့ ခိုင်မာသေချာမှုမရှိတဲ့ဘဏ်စာရွက်စာတမ်းတွေကလည်း COE Reject ထိစေတဲ့အရေးကြီးအချက်ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဒါဆိုရင် ဒီအချက်တွေကို ဖတ်ရှုပြီး COE Reject ဖြစ်စေတဲ့အချက်တချို့ကို အနည်းငယ်သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။