ဘာကြောင့် 𝐂𝐎𝐄 𝐑𝐞𝐣𝐞𝐜𝐭 ထိရတာလဲ?/ ဘာတွေဆောင် ရှောင်ရမလဲ ?

Share This Post

မြန်မာကျောင်းသားတွေအတွက် ဂျပန်မှာကျောင်းတက်ခွင့်ရဖို့ အခက်ခဲဆုံးနဲ့ စိန်ခေါ်မှုအများဆုံးကတော့ COE လျှောက်ရတာပဲဖြစ်ပါတယ်။ ကျောင်းသားအများစုက Financial Statement တင်ပြတဲ့ကိစ္စမှာ Reject ထိတာအများဆုံးဖြစ်ပါတယ် ။

ဒါ့ကြောင့် ဒီနေ့မှာ ကျောင်းသားဗီဇာအတွက် COE Reject ဖြစ်စေတဲ့အချက်တချို့ကို ပြောပြချင်ပါတယ်။

ထောက်ပံ့ပေးမယ့်သူရဲ့ ဘဏ်လက်ကျန်နဲ့ Show Money ပြသမှု (Financial Statement)

—————

✅ ကျောင်းသားအတွက် ငွေကြေးထောက်ပံ့ပေးမယ့်သူက မိသားစုဝင်ဖြစ်ရပါမယ်။ (သို့မဟုတ်) ခိုင်မာသေချာတဲ့ ဆွေမျိုးတစ်ဦးဦးဖြစ်ရပါမယ်။

✅ ကျောင်းသား ကျောင်းပြီးတဲ့အထိ ငွေကြေးထောက်ပံ့နိုင်ကြောင်း ငွေကြေးခိုင်မာမှုပြသရပါမယ်။

✅ တင်ပြမယ့် Bank Account က နှစ်ချီကြာသုံးနေတဲ့ Bank Account ဖြစ်ဖို့လိုပါတယ်။

✅ ထောက်ပံ့မယ့်သူရဲ့အလုပ်အကိုင်၊ လုပ်ငန်းလိုင်စင် မှန်ကန်တိကျနေဖို့လိုပါတယ်။

✅ ထောက်ပံ့မယ့်သူရဲ့နှစ်စဥ်ဝင်ငွေက ကျောင်းလခတွေထက် ပိုများကြောင်းပြသရပါမယ်။

✅ ငွေကြေးထောက်ပံ့မယ့်သူရဲ့ နှစ်စဥ်ဝင်ငွေခွန်စာရွက်စာတမ်းတွေက တိကျမှန်ကန်နေဖို့လိုပါမယ်။

(Charmya Study Co.,Ltd ကနေ Financial Statement တင်ပြရာမှာ မှန်ကန်သေချာတဲ့ အချက်အလက် များနဲ့ ထပ်ဆင့်ထောက်ပံ့ကူညီပြီး အထူးဝန်ဆောင်မှုပေးနေပါတယ်) 📣

စာရွက်စာတမ်းအချက်အလက်များမပြည့်စုံခြင်း

——————–

✅ မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ နိုတြီဘာသာပြန်စာရွက်စာတမ်းများ၊ ပညာရေးမှတ်တမ်း၊ Passport အချက်အလက်များ၊ ပြည်ပထွက်ခဲ့ဖူးတဲ့နေ့စွဲများ စတဲ့အချက်အလက်တွေကို သေချာပြန်စစ်ပါ။ မှန်ကန်အောင်ဖြည့်ပေးဖို့လိုပါတယ်။

ဂျပန်မှာ ကျောင်းတက်ချင်တဲ့အကြောင်းအရင်း

—————

✅ ကျောင်းတက်ချင်တဲ့အကြောင်းအရင်းကို သေချာရေးပေးဖို့လိုပါတယ်။ အလုပ်လုပ်ရန် ပိုက်ဆံရှာရန်ဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်စေမယ့် အကြောင်အရာများကိုရှောင်ရှားသင့်ပါတယ်။ ရေးသင့်တဲ့အချက်တွေက ဂျပန်မှာ ကျောင်းပြီးအောင်တက်ရန်၊ ကောလိပ်တက္ကသိုလ်ဆက်တက်ရန်၊ ကျောင်းပြီးရင် ဂျပန်ကုမ္ပဏီမှာလုပ်ရန်၊ မြန်မာပြည်ပြန်လာပြီး ပိုတိုးတက်အောင်လုပ်ရန် စတဲ့အချက်တွေကို ရေးသားဖို့လိုပါမယ်။

ခိုင်မာသေချာမှုမရှိတဲ့စာရွက်စာတမ်းများ

————

✅ စာရွက်စာတမ်းအတုတွေနဲ့ ခိုင်မာသေချာမှုမရှိတဲ့ဘဏ်စာရွက်စာတမ်းတွေကလည်း COE Reject ထိစေတဲ့အရေးကြီးအချက်ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒါဆိုရင် ဒီအချက်တွေကို ဖတ်ရှုပြီး COE Reject ဖြစ်‌စေတဲ့အချက်တချို့ကို အနည်းငယ်သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။

More To Explore